လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန်ရည်ရွယ်ပြီး မဟုတ် မမှန်သတင်းများအား လုပ်ကြံဖန်တီးဖြန့်ချီသူအား ဖမ်းဆီးရမိ
နေပြည်တော်၊ မေ - ၂၆
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရား ဉပဒေစိုးမိုးရေးနှင့် အေးချမ်းစွာနေထိုင်လိုသော မိဘပြည်သူများ၏ အသက် အိုးအိမ်စည်း စိမ်လုံခြုံမှုရှိစေရေးအတွက် နေ့/ညမပျက် ဆောင်ရွက်လျက်ရှိရာ အဖျက် အမှောင့် ဆောင်ရွက်လိုသူများက အဆိုပါလှုပ်ရှားမှုများအပေါ် ဂုဏ်သိက္ခာ ထိခိုက် ညှိုးနွမ်းစေရန်ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား လုပ်ကြံဖန်တီး ထုတ်လွှင့် ခြင်းများ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ မေ ၂၄ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ ဝင်များက စက်ဆန်းရပ်ကွက်၊ New Day ဆီဆိုင်ရှေ့နေရာ၌ ကိုဝင်းဒီ(ဘ) ဦးသောင်းမောင် အပါအဝင် အမျိုးသား ၇ ဦး စီးနင်းလာသည့် မော်တော်ယာဉ်အား စစ်ဆေး၍ ကိုဝင်းဒီ၏ I Phone 12 Promax လက်ကိုင်ဖုန်းအား သိမ်းဆည်းယူဆောင် သွားကြောင်း လုပ်ကြံစွပ်စွဲ သတင်းဖြန့်ချီမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်အားစိစစ်ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဗိုလ်စောနောင်လမ်း၊ အမှတ် (၈)ရပ်ကွက်၊ အိမ်အမှတ်(၄၇)နေ ကိုဝင်းဒီ(ဘ)ဦးသောင်းမောင် သည် မေ ၂၄ ရက် ညပိုင်းတွင် ၎င်း၏သူငယ်ချင်း ၆ ဦးနှင့်အတူ ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားသောက် ဆိုင်တစ်ခုသို့ မော်တော်ယာဉ်ဖြင့် သွားရောက်စားသောက်ခဲ့ပြီး ည ၉ နာရီ ၄၅ မိနစ် ခန့်တွင် ကြက်/ဘဲဈေးဘက်သို့ မောင်းနှင်ထွက်ခွာလာခဲ့ရာ စက်ဆန်းရပ်ကွက် New Day ဓာတ်ဆီဆိုင်နေရာသို့အရောက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏မော်တော် ယာဉ်အား စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး မသင်္ကာဖွယ်မတွေ့ရှိသဖြင့် ၎င်းတို့အား ဆက် လက်ထွက်ခွာစေခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အဖွဲ့သည် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းရှိ ကောမက်ဟိုတယ်၌ ညအိပ်အခြေပြုရောက်ရှိခဲ့စဉ် ကိုဝင်းဒီ ကိုင်ဆောင်သော I Phone 12 Promax လက်ကိုင်ဖုန်းမှာ ပျောက်ဆုံးသွား ကြောင်း၊ အဆိုပါပျောက်ဆုံးမှုအပေါ် အကြောင်းပြု၍ ကိုဝင်းဒီ က ၎င်း၏လက်ကိုင် ဖုန်းပျောက်ဆုံးမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့၏မော်တော်ယာဉ်အား တားဆီးစစ်ဆေးစဉ် ၎င်းအားရိုက်နှက်၍ အဆိုပါဖုန်းအား သိမ်းဆည်းယူဆောင်သွားခဲ့ ခြင်းဖြစ်သည်ဟု မဟုတ်မမှန်လုပ်ကြံစွပ်စွဲပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာစေရန် သတင်းမှားဖြန့်ချီခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
အဆိုပါ လုပ်ကြံဖန်တီးသူအား တရားဉပဒေနှင့်အညီ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။