ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုက်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်
နေပြည်တော်၊ မေ ၇
ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများအပေါ် ယုံကြည်ကာ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ ပညာသင်ကြားရေး နှစ်အလိုက် ပညာသင်ကြားပေးနိုင်ရေး ပြင်ဆင်လျက်ရှိသော ပညာရေးမှူးရုံးများ၊ အခြေခံပညာ အထက်တန်းကျောင်းများတွင် လက်လုပ်ဗုံး၊ လက်လုက်မိုင်းများ ထောင်ထားခြင်း၊ ဖောက်ခွဲခြင်း များကဲ့သို့ အဖျက်အမှောင့် လုပ်ရပ်များအား လုပ်ဆောင်လာနေကြသည်ကို တွေ့ရှိရပါသည်။








