နေပြည်တော်၊ ဇူလိုင် - ၁၅
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်းနှင့် Ouarantine Center များ၌ တာဝန်ထမ်းဆောင်နေကြသည့် လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။






