မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဘုရားတောင်ကျေးရွာအနီး မေလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မေလ ၄ ရက်နေ့တွင် လက်လုပ်ဗုံး ပေါက်ကွဲ၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅−က ဖြင့် အမှုဖွင့်လှစ်ခံထားရသော ဆူပူအကြမ်းဖက်သူ ၁ ဦး အပါအဝင် အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၌ မေလ ၄ ရက်နေ့တွင် အခြေခံပညာ မူလတန်းကျောင်းခွဲအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ မေလ ၃ ရက်နေ့တွင် အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုရန်အတွက် လက်လုပ်ချိန်ကိုက်မိုင်း စမ်းသပ်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် အမျိုးသား ၅ ဦးသေဆုံး၊ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ မေလ ၃ ရက်နေ့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်ရန်ပြုတိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အကြမ်းဖက်သူများအား လူစုခွဲ ခြင်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသား ၂ ဦးအား တူမီးသေနတ်၊ လက်လုပ်သေနတ်များနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းအား မေလ ၃ ရက်နေ့တွင် လက်နက်ကိုင် သောင်းကျန်းသူများကမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။