နေပြည်တော်၊ ဩဂုတ်- ၁၁
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူ ငွေများအား ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ဩဂုတ် ၁၀ ရက်နှင့်ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ သီပေါမြို့နှင့် နောင်ချိုမြို့များရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမများ၌ စေတနာရှင် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် Mask ၆၀၀၀ ခု၊ Face Shield ၅၀၀ ခု၊ အရက်ပြန် ၃ ပုံး၊ ကလိုရင်းပိုးသတ်ဆေး ၃ ပုံး၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ၊ တန့်ယန်းမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ ၄၀ လီတာ အောက်ဆီဂျင်အိုး ၅ လုံး၊ Oxygen Regulator ၅ လုံး၊ ခွဲစိတ်ခန်းသုံးဝတ်စုံ ၅၀ စုံ၊ Mask ၂၅၀၀ ခု၊ စားသောက်ဖွယ်ရာများ၊ နမ္မတူမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၄၀ လီတာ အောက်ဆီဂျင်အိုး ၂၀ လုံး၊ Test Kit ၁၀၀ စုံ၊ Mask ၂၅၀၀ ခုနှင့် မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ Oxygen Concentrator ၂ လုံးတို့အားလည်းကောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့မိသားစုများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ၅ သိန်းအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ ငွေကျပ် ၃၂၃၂ သိန်းကျော်တန်ဖိုးရှိ Oxygen Concentrator ၃၀ လုံး၊ အောက်ဆီဂျင်အိုး ၁၂၅၀ လုံး၊ Medical Regulator ၁၂၅၀ ခုနှင့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ်ကုသဆေးများ ဝယ်ယူရန်အတွက် ငွေကျပ်သိန်းပေါင်း ၃၄၁၄၅၀၀၀ ကျပ်အားလည်းကောင်း သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက အသီးသီးပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြကာ ကျေးဇူးတင် စကားများ အသီးသီးပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။