တရားမဝင်အဖွဲ့အစည်းနှင့် သတင်းဌာနအချို့သည် တရားမဝင်သော ဂြိုဟ်တုစလောင်း များမှတစ်ဆင့် ရုပ်သံလိုင်းများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေစဉ်ကာလအတွင်း နိုင်ငံတော်လုံခြုံရေး ၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသော အကြောင်းအရာများနှင့် နိုင်ငံတော်အား သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်နေသူများကို အားပေးကူညီရာ ရောက်သည့် အကြောင်းအရာများကို ထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရပါသည်။



























































