news

 

နေပြည်တော်၊ ဇူလိုင် ၈

            တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ စာသင်ကျောင်းလုံခြုံရေးအဖွဲ့အား လာရောက် ပစ်ခတ်တိုက်ခိုက်သည့် လက်နက်ကိုင်အကြမ်းဖက်သူအမျိုးသား ၂ ဦးအား လက်နက်ခဲယမ်း များ နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

 

နေပြည်တော်၊ ဇူလိုင် -

                 ဆူပူအကြမ်းဖက်မှုကိုလိုလားသူ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက် စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင် ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်း၊ လုံခြုံရေး ဆောင် ရွက်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်ခြင်းများကို  လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင် လျက်ရှိသည်။

သပြေရေဒီယိုအစီအစဉ်အသစ် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရန်ကုန်မြို့အနီးတစ်ဝိုက် တွင် ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ထုတ်လွှင့်မည်

နေပြည်တော်၊ ဇူလိုင် - ၇

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ပြုလုပ်ဆောင်ချက်များ အပါအဝင် သတင်းတု၊ သတင်းမှာများအပေါ် ပြန်လည်ဖြေကြားသည့် သတင်းမှန် ပြန်ကြားခြင်းကဏ္ဍ၊ သတင်းဆောင်းပါးအစီအစဉ်၊ ဆွေးနွေးခန်းများ အစရှိသည့် အစီအစဉ်များအပါအဝင် အစီအစဉ်ပေါင်းစုံလင်စွာဖြင့် သပြေရေဒီယို အား ဇူလိုင်လ ၁၁ ရက်မှစတင်၍ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သန်လျင်မြို့နယ်၌ မုဒိန်းမှုကျူးလွန်ခဲ့သူနှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ လူသတ်မှုကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဇူလိုင် - ၇

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ မင်းမင်း (ဘ)ဦးဇော်ဝင်း သည် ၂၀၂၀ ဇွန်လခန့်မှစ၍ ၂၀၂၁ ခုနှစ်၊ ဇွန် ၂ ရက်နေ့အထိ ကာလ အတွင်း ၎င်း၏သမီးအရင်း ၂ ဦးအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ -၃၇၆(၁)နှင့် ရာဇသတ်ကြီးပုဒ်မ-၃၇၇ တို့အရ ၎င်းအား ဇူလိုင် ၆ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ်” အမိန့်ကို  ချမှတ်လိုက်သည်။

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၇          

             မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။