ဆန္ဒမဲလက်မှတ်များ၊ မဲစာရင်းများ အပိုတွေ့ရှိမှုနှင့်ပတ်သက်၍
မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစာရေးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဖြစ်သူ
ဦးဟန်ဇင်ဦး၏ ထွက်ဆိုချက်
ဦးဟန်ဇင်ဦးမှ ထွက်ဆိုသည်မှာ - နောက်တိုးမဲစာရင်း ဖြည့်သွင်းခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ဆန္ဒမဲပေးနိုင်မည့် ရပ်ဝေးဒေသများမှ ရက်ပေါင်း ၉၀ နှင့်အထက် ပြောင်းရွှေ့နေထိုင် သူများ မဲစာရင်းထည့်သွင်းရေးဆောင်ရွက်ရာတွင် လူဦးရေ ၁၁၀၀ ခန့်စာရင်း တင်သွင်းခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲက ၇၈၁ ဦးသာ လက်ခံပြီး အချက်အလက် မပြည့်စုံသည့် ၃၁၉ ဦးကို ပယ်ဖျက်ခဲ့ သော်လည်း ရမ်ပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က မဲစာရင်းတွင်ပါဝင်နိုင်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေးရန် ပြောကြားချက်အရ ကွန်ပျူတာစာစီဖြင့် ၂၆၉ ဦး၊ လက်ရေးဖြင့် ၅၀ ဦး ပေါင်း ၃၁၉ ဦးကို နောက်တိုးစာရင်းအဖြစ် ထပ်မံ ထည့်သွင်းခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ ခြင်းသည် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသော်လည်း အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အကူအညီ တောင်းခံခဲ့သဖြင့် ပြုလုပ်ပေးခဲ့ပါသည်။







