ကျန်းမာရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကာကွယ်ဆေးများဆက်လက်ထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် နေပြည်တော် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်

Friday, August 6, 2021 - 16:45

ကျန်းမာရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကာကွယ်ဆေးများဆက်လက်ထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
နေပြည်တော် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ Video conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြည်သူ့ ကျန်းမာ ရေး နှင့် ကုသရေးဦးစီးဌာနမှူးများမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေ၊ အောက်ဆီဂျင်နှင့်ဆေးနှင့်ဆေးပစ္စည်းများရရှိ နေမှုအခြေအနေ၊ ဆေးဝါးတင်ဒါများပေးသွင်းမှုအခြေအနေ၊ ကိုဗစ်စင်တာများဖွင့်လှစ်ထားရှိမှု အခြေအနေတို့အား အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများက ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဦးစိန်ဝင်း၊ ပြည်သူ့ ကျန်မာရေးဦးစီးဌာနနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သတင်း ရရှိသည်။