COVD-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေး ထုတ်ပေးလျက်ရှိ

Saturday, August 7, 2021 - 15:15

 

နေပြည်တော် ဩဂုတ် ၇

အကောက်ခွန်ဦးစီးဌာန အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ် အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၇-၈-၂၀၂၁ ရက်နေ့၌ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ (၇၀) ခုမှ

CLAXO 60 INJECTION (၁၀၀၀၀)ခု၊ ENOXAPARIN INJECTION (၂၅၀၀၀)ခု၊ FLOW METER (၃၄၁၆)ခု၊ HUNDIFIER (၆၁)ခု၊ OXYGEN MASK (၁၄၁၀)ခု၊ OXIMETER (၄၄၆၀)ခု၊ OXYGEN CONCENTRATOR (၂၅၄၁)ခု၊ OXYGEN TERMINAL (၁၄)ခု၊ REMDIGEN INFUSION (၃၀၀၀၀)ခု၊ ရန်ကုန်ဆိပ်ကမ်းများတွင် COVID-19 ကာကွယ်ကုသ ဆေးနှင့်အခြားဆေးမျိုးစုံ (၃၈၄၈၅.၂၅)kg၊ နယ်စပ် (မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြဝတီ)တွင် ကုမ္ပဏီ (၆၀) ခုမှ Hand Antiseptic Rinse Free Gel (၂)ပုံး၊ Liquid Oxygen (၁၄၆၂၅.၁)m3၊ DISPOSABLE MASK (၁၅၈၉၂၇)kg၊ SPARY BOTTLE (100ML) (၅၅၄၅)ခု၊ GLUCOSE AND SODIUM CHLORIDE INJECTION (၂၇၀၀၀)kg၊ Oxygen Mask (၃၄၄၅၀)ခု၊ Glove(၁၅၄၀၀)စုံ၊ ဘီတာဆိုက်ဘာမတ်ထရင်း ဆေးရည်(၇၂)ပုံး၊ Rice(၅၀)တန်၊ Oxygen Concentrator (၁၁၆၃)ခု၊ Flow Meter (၁၁၆၇၀)ခု၊ PPE GOWN (၄၆၇၄၂)ခု၊ OXIMETER (၅၀၀၀)ခု၊ Oxygen Cylinder Trolley (၂၀၀)ခု၊ Oxygen Plant(၁)ခု၊ Goggle(၅၄၀)ခု၊ Thermometer (၅၄၀)ခု၊ Disposable Cap (၁၈၄၀၀)ခု၊ Oxygen Cylinder (၈၄၅၆)ခုတို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။