နေပြည်တော်၊ ဩဂုတ် ၇
ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက်အဦ များအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြစ်ဖြင့်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့် အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေး မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်းနံပါတ် များအား ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှစ၍ နေ့စဉ်သတင်းထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ပါသည်။
ထိုသို့ထုတ်ပြန်ကြေငြာထားရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ များထံ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေကြသူ ကာယကံရှင်များကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်၏ မိဘဆွေမျိုးသားချင်းများမှ တစ်ဆင့် သော်လည်းကောင်း ယုံကြည်စွာဖြင့် ဆက်သွယ်လာကြရာတွင် အသိပေးထုတ်ပြန် ကြေငြာခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ကျန်းမာရေးနှင့် ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ ၅၃ ဦး ဆက်သွယ်လာခဲ့ပါသည်။
အဆိုပါဆက်သွယ်လာသူ ၅၃ ဦးနှင့်ပတ်သက်သည့် မှုခင်းများအား တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ ဩဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ကြေငြာချက်ပါ အမှုပိတ်သိမ်းခြင်း၊ ရုတ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်ပြီး ဖြေလျော့ပေးရန် ကိုက်ညီမှုရှိသည့်အတွက် ယုံကြည်စွာဖြင့် ဆက်သွယ်လာသူ ၅၃ ဦး တို့၏ အမှုများအား ပိတ်သိမ်းပေးပြီးဖြစ်ပါကြောင်းနှင့် စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများအနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏စေတနာအပေါ် ယုံကြည်စိတ်ချစွာဖြင့် ထပ်မံ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။