ကိုဗစ် - ၁၉ ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့သို့ ထည့်ဝင်ကြေးများပေးသွင်းရာတွင် (၆) လနောက်ဆုတ်ပေးသွင်းခွင့်နှင့် ယင်းကာလများအတွက် ပျက်ကွက်ကြေးကင်းလွတ်ခွင့်ပြု နေပြည်တော်၊ ဩဂုတ်  ၁၀

Tuesday, August 10, 2021 - 14:45

ကိုဗစ် - ၁၉ ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် လူမှုဖူလုံရေးအဖွဲ့သို့ ထည့်ဝင်ကြေးများပေးသွင်းရာတွင် (၆) လနောက်ဆုတ်ပေးသွင်းခွင့်နှင့် ယင်းကာလများအတွက် ပျက်ကွက်ကြေးကင်းလွတ်ခွင့်ပြု

နေပြည်တော်၊ ဩဂုတ်  ၁၀

          အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွားရေးဂယက်များအရ အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လူမှုဖူလုံရေးအဖွဲ့သို့ ပေးသွင်းရမည့် ထည့်ဝင်ကြေးများကို သက်ဆိုင်ရာလကုန်ဆုံးပြီး (၃) လ နောက်ဆုတ်ပေးသွင်းနိုင်ရန် ၂၀-၃-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၃/၂၀၂၀) ထုတ်ပြန်၍ ပျက်ကွက်ကြေးများကို ကောက်ခံခြင်းမပြုဘဲ ဖြေလျှော့ကင်းလွတ်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

          လက်ရှိအခြေအနေတွင် ကိုဗစ် - ၁၉ တတိယလှိုင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုများပြား လာသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လုပ်ငန်းဆက်လက် လည်ပတ်နိုင်ရန်နှင့် အာမခံ အလုပ်သမားများ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ ထည့်ဝင်ကြေးများ ပေးသွင်းရာတွင်  ယခင်သက်ဆိုင်ရာလ ကုန်ဆုံးပြီး (၃) လထက် နောက်မကျစေဘဲ ပေးသွင်းခြင်းအစား ၅/၂၀၂၁ လ၏ လုပ်ခလစာအတွက် ပေးသွင်းရမည့် ထည့်ဝင် ကြေးမှစ၍  သက်ဆိုင်ရာလ ကုန်ဆုံးပြီး  (၆) လထက် နောက်မကျစေဘဲ  ပေးသွင်းခြင်းအပေါ် ပျက်ကွက်ကြေးများကို ကင်းလွတ်ခွင့်ပြုကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ၆-၈-၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃၄၁/၂၀၂၁) ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

          အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သို့ ထည့်ဝင်ကြေးပေးသွင်းရာတွင် ယခင်က   (၃) လ နောက်ကျပေးသွင်းခွင့်ပြုခြင်းအစား ယခုအခါ (၆) လ နောက်ကျပေးသွင်းခွင့်ပြုထားပြီး အလုပ်ရှင်များအနေဖြင့် အဆိုပါ နောက်ကျပေးသွင်းရန် ခွင့်ပြုကာလများကို ပျက်ကွက်ကြေး ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။