ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများရောင်းချ ခြင်းများအား ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးခြင်း နေပြည်တော်၊ ဩဂုတ် ၁၀

Tuesday, August 10, 2021 - 14:30

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများရောင်းချ ခြင်းများအား ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အသိပေးခြင်း

နေပြည်တော်၊ ဩဂုတ် ၁၀

၁။      ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံး ကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၂၀ ဖြင့် အရေးကြီးကုန်စည်များ အဖြစ်သတ်မှတ်ပြီး ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် တားမြစ်ထားပါသည်။ ထို့အတူ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချခြင်းမပြုရန် အမျိုးသားဆေးဝါးဥပဒေ၌ တားမြစ်ထားပါသည်။

၂။       ယခုအခါ အချို့သောစီးပွားရေးသမားများသည် မိမိ၏အကျိုးစီးပွားအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေး မပြည့်မီသော စံမညီဆေးဝါးများ ရောင်းချခြင်းများပြုလုပ်နေကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ ထိုသို့ ပြုလုပ်သည်ကို တွေ့ရှိရပါက သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။