news

 

 

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာဆေးနှင့်ဆေးပစ္စည်းဝယ်ယူရေးကော်မတီ၏ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁)၊ ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ တက် ရောက်ကြပါသည်။

 

         ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရယူအသုံးချကာ လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သော ဘွဲ့ရလူငယ်မောင်မယ် ပညာတတ်များ မွေးထုတ်ရေးကို ဦးတည်လျက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများ၏ ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့ (ရေးဖြေ) သင်တန်းများနှင့် နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းများကို ယနေ့ မေ ၅ ရက်နေ့တွင် တစ်ပြိုင်တည်း ပြန်လည် ဖွင့်လှစ်ခဲ့ပါသည်။

 

             နိုင်ငံတော်အတွင်း  ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်း များအား ပြုလုပ်လျက်ရှိသည်။

 

             လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၅-၅-၂၀၂၁)

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်(၅-၅-၂၀၂၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၁၁၉ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ တန်ခူးလပြည်ကျော်    ၉    ရက်
(၂၀၂၁ ခုနှစ်၊ မေလ   ၅   ရက်) 
ပြည်ထောင်စုဝန်ကြီးဌာနပြောင်းရွှေ့ပြင်ဆင်ဖွဲ့စည်းခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ မေလ  ၅  ရက်

 

             မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ၌လုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ဆူပူအကြမ်းဖက် သူများက အကြောင်းမဲ့ ဝင်ရောက် အကြမ်းဖက်ရန်ပြုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ကျဆုံးခဲ့ကြောင်း သိရသည်။