လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ လူသတ်မှု၊ အဆောက် အဦအား မီးရှို့ဖျက်ဆီးမှုနှင့် ပစ္စည်းခိုးယူမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ် အသီးသီးချမှတ်
နေပြည်တော်၊ ဇွန် - ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသန်းဦး(ခ)ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဇော်ဇော်အောင်(ခ)အရိုး(ဘ)ဦးကြည်လွင် အပါအဝင် ဆူပူအကြမ်းဖက်သူ ၂၁ ဦးတို့သည် ဝိုင်းဝန်းခြိမ်းခြောက်ဖမ်းဆီး၍ ဦးသန်းဦး (ခ)ဦးမြင့်ဌေး အား တံတားဖြူထိပ်ရှိ ဓာတ်တိုင်တွင် လည်းကောင်း၊ ဦးမြသန်း(ခ) စွန်ရဲ အား တံတားဖြူထိပ်ကုက္ကိုပင်တွင်လည်းကောင်း အသီးသီးကြိုးဖြင့် တုပ်နှောင် ထားပြီး ဝိုင်းဝန်းရိုက်နှက်၍ လမ်းဘေးရှိသော တာယာကွင်းအဟောင်းများအား စုပုံကာ ဓာတ်ဆီဖျန်းမီးရှို့သတ်ခဲ့ကြခြင်းဖြင့် လူသတ်မှုကို ကျူးလွန်မှု၊ အားပေးကူညီမှုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးပုဒ်မ - ၃၀၂(၂)/၁၁၄ အရ ၎င်းတို့အား မေ ၃၁ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ်(၂၀)နှစ်” အမိန့်ချမှတ် လိုက်ကြောင်း သိရှိရသည်။
news
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးဒဏ်ရာရ
နေပြည်တော်၊ ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ မော်တော် ယာဉ် ၁ စီးအား မီးရှို့ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးသေဆုံးကာ အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုင်းပြည်အပေါ်သစ္စာရှိစွာဖြင့် မိမိတို့တစ်ဦးချင်း၏ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်နှင့်ကျေပွန်စွာထမ်းဆောင်နေခြင်းသည်လည်း
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်
နေပြည်တော် မေ ၃၁
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်သည်ဟု ဆိုရာတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများသာမက နိုင်ငံတော်၏ နိုင်ငံ ရေး အရ တည်ငြိမ်အေးချမ်းရေးအတွက်ထိန်းသိမ်းဆောင်ရွက်ခြင်းသည်လည်း နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ပြင် သဘာဝဘေး အန္တရာယ် ဖြစ်ပေါ်လာမှုများကို ကာကွယ်ပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ ကပ်ရောဂါ ကြုံတွေ့နေရမှုများကို တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးခြင်းနှင့် မိမိလုပ်ငန်း တာဝန်များကို ကောင်းမွန်ကျေပွန်စွာ သစ္စာရှိရှိ တာဝန်ထမ်းဆောင်နေခြင်း သည်လည်း နိုင်ငံတော်ကို ကာကွယ်နေခြင်းပင်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် ဘားအံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော် မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဘားအံမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ သွားရောက်တွေ့ဆုံ အမှာစကားပြောကြား သည်။
နေပြည်တော် - မေ – ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ မေ ၂၄ ရက်နံနက်ပိုင်းမှ စတင်၍နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ
နေပြည်တော်၊ မေ - ၃၁
နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်း သိမ်း၍ လိုအပ်သလိုအရေးယူဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်၊ မေ ၃၁
အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံ တော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများ၊ မိုင်းထောင် ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့ လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် စစ်ဆေးရှာဖွေ သတင်းဖော်ထုတ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ဆောင်ရွက် လျက်ရှိသည်။
နေပြည်တော်၊ မေ ၃၁
ရန်ကုန်မြို့နှင့် အချို့မြို့နယ်များ၌ တရားမဝင် ငွေလွှဲ/ ငွေထုတ် အိမ်တိုင်ရာရောက် ဝန်ဆောင်ခလျော့နည်းနှုန်းများယူ၍ ငွေသားပေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်မှုသည်ငွေရေးကြေးရေး အဖွဲ့စည်းများဥပဒေနှင့် တည်ဆဲဥပဒေများအပေါ် ဖောက်ဖျက်ကျူးလွန်နေသည့်အတွက် ကျူးလွန် နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
နေပြည်တော်၊ မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လက်လုပ်မိုင်း ထောင်ရန် ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းထောင်သူအမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။




























