နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကန်ထူးမတိုက်နယ်ဆေးရုံတွင် ဆေးကု သရေးတာဝန်များကိုထမ်းဆောင်နေသော ဒေါက်တာ နေဇော်အောင်အား CDM လှုပ်ရှား သူများမှ ဆေးရုံပိတ်သိမ်းပြီး CDM လှုပ်ရှားမှုများတွင်ပါဝင်ရန် အတင်းအဓမ္မ ဖိအားပေး ပြောဆိုခြင်း၊ လူစုလူဝေးဖြင့် ခြိမ်းခြောက်လာခြင်းတို့ကို လုပ်ဆောင်လာသဖြင့် ဒေါက်တာ နေဇော်အောင်မှ CDM လှုပ်ရှားမှုတွင် မပါဝင်ရသည့်အကြောင်းရင်းနှင့် ၎င်း၏ တာဝန် ထမ်းဆောင်မှုများကို ပြန်လည်ရှင်းလင်းပြောကြားသည့် Video ရုပ်သံဖိုင်တစ်ခု လူမှု ကွန်ရက်ပေါ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်၌ ပျံ့နှံခဲ့ပါသည်။

























