news

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မြို့လယ်မီးပွိုင့်အနီး၊ ဆူပူဆန္ဒပြနေ သည့်နေရာသို့ ယနေ့နံနက် ၁၀ နာရီခန့်တွင် ရဲယူနီဖောင်းအပြည့်အစုံ ဝတ်ထားသူ ၂၀ ဦးခန့်သည် မော်တော်ယာဉ် ၂ စီးဖြင့်လာရောက်၍ ဟောပြောနေသည့် ပုံစံများ၊ ဆန္ဒ ဖော်ထုတ် သည့်ပုံစံများဖြင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ၁၀ နာရီခွဲခန့်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်းသိရှိ ရသည်။

 

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ် လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား လာနိုင်သဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များ အား ထုတ်ပြန်ထားပြီး ဖြစ်သည်။

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကုသပေးရန် အခက်အခဲများဖြစ်ပေါ်မှုများကို တစ်ထောင့်တစ်နေရာ မှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများဖြင့် စုဖွဲ့ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ ဒုတိယအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

 

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း ထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရားစေတီပုထိုးများကို COVID-19စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုတရားဘာ၀နာပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ဖူးမြော်ခွင့်ပြုခဲ့သည်။

 

 

နေပြည်တော်၊  ဖေဖော်ဝါရီ - ၉

          ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများတွင် ဆူပူဆန္ဒပြမှုများဖြစ်ပေါ် လာသည့်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်း ဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ လူစုဝေးခြင်းမပြုရန် တားမြစ်ချက်များ ထုတ်ပြန် ခဲ့ပါသည်။

 

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ  ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူလူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ဆိုင်ရာကုသပေးရန် အခက်အခဲများဖြစ်ပေါ်မှုများကို တစ်ထောင့်တစ်နေရာ မှ အထောက် အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေး ဆေးရုံများဖွင့်လှစ်၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများဖြင့် စုဖွဲ့ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက် ရှိသည်။

 

 

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များ၌ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နှင့် ယနေ့တို့တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ အမိန့် ထုတ်ပြန်ခဲ့သည်။