news

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သူများမှ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၃

          ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သူ များမှ မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဇွန်လ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ပြည်မြို့၊ သဲကုန်းအုပ်စု၊ လက်ပံလှ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ရုံးခန်းအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ  ကျေးရွာသူ၊ ကျေးရွာသား များက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရုံးခန်း အတွင်းရှိ စာရေးစားပွဲခုံနှင့် စာရေးကိရိယာဟောင်းများ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိခဲ့သည်။

          ဖြစ်စဉ်တွင် ကျောင်းရုံးခန်းအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့သတ်ဖြတ်ခြင်းခံရသော မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာဇောတ ၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

နေပြည်တော်၊ ဇွန် - ၁၃

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဇောတ သည် ဇွန် ၇ ရက်နေ့တွင် ဟားခါးမြို့၌ ကျင်းပပြုလုပ်မည့် အစိုးရပထမပြန်စာမေးပွဲဖြေဆိုရန်အတွက် ဇွန် ၄ ရက် နေ့တွင် ကျောင်းပိုင် Nissan Note မော်တော်ယာဉ်ဖြင့် တစ်ပါးတည်းထွက်ခွာခဲ့ပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် မြေပြင်သတင်းအား ဆက်လက်ဖော်ထုတ်လျက်ရှိ ကြောင်း ဇွန် ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည့် အပြစ်မဲ့ အလုပ်သမား ၄၇ ဦးအား ဒေသဖွံ့ဖြိုးရေးကို မလိုလားသည့် KNDO အဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်၊ ၂၅ ဦးအား ရက်ရက်စက်စက် အကြောင်းမဲ့ သတ်ဖြတ်

နေပြည်တော်၊ ဇွန် - ၁၃

          ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် နယ်မြေခံတပ်မှ တာဝန်ယူဆောက်လုပ်လျက်ရှိသည့်  ဝေါလေမြို့၊ ကနဲလေးကျေးရွာအနီး ကနဲလေး- မော်ခီးသွားကားလမ်းပေါ်ရှိ အူးဟူ ချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အပြစ်မဲ့ အရပ်သား အလုပ်သမား ၄၇ ဦးအား မေ ၃၁ ရက်တွင် KNDO အဖွဲ့မှ ဗိုလ်ကြီး အဆင့်ရှိသူ စောပါဝါး ဦးစီးသည့်အဖွဲ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ပြီး အချို့အား ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ်၊ ပညာရေးဦးစီးဌာနအတွက် ပေးပို့သော ကျောင်းသုံးပုံနှိပ်စာအုပ်များအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၃

            ၂၀၂၁ ခုနှစ်၊ ဇွန်လ (ပထမပတ်)အတွင်းတွင် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) မှ ဟားခါးခရိုင်ပညာရေးဦးစီးဌာနအတွက် (KG)တန်းမှ (Grade-4)တန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၁၂၇၇၉၇ (တစ်သိန်းနှစ်သောင်းခုနှစ်ထောင်ခုနှစ်ရာကိုးဆယ့်ခုနှစ်) အုပ် တင်ဆောင်လာသော ကုန်တင် ယာဉ်  ၂ စီးအား ရွာဗန်းကျေးရွာအနီး ဂန့်ဂေါ-ဟားခါး သွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ အကြားတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအင်အားစုများမှ တားဆီးထိန်းသိမ်းခဲ့ပြီး ယာဉ်ပေါ် တင်ဆောင်လာသော ကျောင်းသုံးပုံနှိပ်စာအုပ်များအား ယာဉ်ပေါ်မှချထားခိုင်းကာ ယာဉ်များအား နောက်ကြောင်းသို့ ထွက်ခွာစေခဲ့ကြောင်း သိရသည်။

            အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ပုံနှိပ်စာအုပ် ထုပ်များ ချထားခဲ့သည့်နေရာတွင် မီးရှို့ဖျက်ဆီးထားသည့် အခြေအနေကို တွေ့ရှိခဲ့ရသည်။

            ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များအတွက် ကျောင်းဖွင့်ရာသီအတွင်း ပညာတတ်မြောက် စေရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံမှုဆောင်ရွက်ပေးနေစဉ် အစွန်းရောက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အသိဉာဏ်မဲ့ ရက်စက်ယုတ်မာစွာဆောင်ရွက်ခဲ့မှုကြောင့် ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များအတွက်သာ နစ်နာမှုဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှလည်း လက်ခံမှု မရှိသည့်အပြင် ဝါဒမှိုင်းအစွန်းရောက်လုပ်ရပ်များ ဆောင်ရွက်ခဲ့မှုအပေါ် ရွံရှာစက်ဆုပ်လျက်ရှိကြောင်း သိရှိရသည်။

 

မြန်အောင်မြို့နယ်၊ အိုးလည်ပင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား ဖျက်ဆီး၍ ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာရေး သားထားသည့် ဗီနိုင်းများကပ်ခဲ့ သူအား အမှုဖွင့်

နေပြည်တော်၊ ဇွန် - ၁၃

          ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်၊ အစယ်ကျေးရွာအုပ်စု၊  အိုးလည်ပင်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား မေ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ကျောင်းဝန်းတံခါးအားဖျက်၍ ကျောင်းဝန်းအတွင်းဝင်ရောက်ကာ ကျောင်းအတွင်းရှိ လက်ဆေးဘေစင် ၄ ခုနှင့် သောက်ရေသန့်စတီးရေစင်တို့အား တွန်းလှဖျက်ဆီးခဲ့ပြီး ကျောင်းခြံဝန်းတံခါး၌ ခြိမ်းခြောက်စာရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သည့် အဆိုပါကျေးရွာနေ ထိန်းလင်းဦး(ဘ)ဦးလှကို အား ဇွန် ၁၂ ရက်တွင် ထူးကြီးမြို့၊ အမှတ်(၁) ရပ်ကွက်၊ သမာဓီလမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

          အဆိုပါစာသင်ကျောင်းအား ဖျက်ဆီး၍ ခြိမ်းခြောက်စာရေးသားထားသည့် ဗီနိုင်းများကပ်ခဲ့သူအား သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ ၄၂၇/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ CDM ပြုလုပ်ပြီး အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သည့် NUG အား ဆက်သွယ်ကူညီနေသော ဒေါက်တာ ထားထားလင်း၊ ဒေါက်တာ မောင်မောင်ငြိမ်းထွန်းနှင့် ဒေါက်တာ ဆွေဇင်ဦး တို့အား ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန်- ၁၃

                ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ စ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် အဆက်အသွယ်ဖြတ်ကာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁.၁၉၈ သန်းအား ငွေစာရင်း ရှင်းလင်းခြင်းမရှိဘဲ CDM ဝန်ထမ်းအဖြစ် ခံယူသွားခဲ့သူဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ ထားထားလင်း အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းမှ (ပ)၁၁/၂၀၂၁ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီးနောက် ဆက်လက်ရှာဖွေစုံစမ်းခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်တွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်၊ နဝဒေးလမ်းဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

                တရားခံ ဒေါက်တာ ထားထားလင်း၏ ထွက်ဆိုချက်အရ ၎င်းသည် CDM ဆရာဝန်အဖြစ်ခံယူလုပ်ဆောင်ခဲ့သည့်အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတွင် ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သော CDM ဆရာဝန်များနှင့်ဝန်ထမ်း များကို ဆက်သွယ်စည်းရုံး၍ CDM လှုပ်ရှားသူများ ပင်မအုပ်စု(CDMer Core Group)ကို ဖွဲ့စည်းပြီးနောက် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသည့် NUG နှင့်ပေါင်းစပ်လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ဌာနချုပ်သို့ စစ်သင်တန်းစေလွှတ်မှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ညွှန်ကြားစေခိုင်းခဲ့သည့် သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန်- ၁၃

လိုင်ဇာရှိ KIA လက်နက်ကိုင်အဖွဲ့ဌာနချုပ်သို့ စစ်သင်တန်းစေလွှတ်ခဲ့မှု၊ ဖောက်ခွဲ ရေး ပစ္စည်းများပြုလုပ်ရာ၌ ပါဝင်မှုတို့နှင့်ဆက်စပ်၍ အောင်ခန့်(ရွှေသီဟ ဆန်စက် ပိုင်ရှင်၊ ရွှေဘိုမြို့နေထိုင်သူ)အား ၂၁-၅-၂၀၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

            ၁၆-၅-၂၀၂၁ ရက်တွင် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာ ထားသော NUG မှ တရားခံပြေး ဇော်ဝေစိုး အပါအဝင် ၄၀ ဦးခန့်ဖြင့် ပြုလုပ်သော အစည်းအဝေးသို့ အောင်ခန့်မှ ပါဝင်တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် မြင့်ထွေး (ရေဦးမြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ အေးမြတ်မွန် (မြောင်မြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ခင်မွှေးလွင် (မင်းကင်းမြို့နယ်၊ အမှတ်-၁ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ နိုင်အောင်(ဝက်လက်မြို့နယ်၊ အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း) တို့ တက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါ အစည်းအဝေး၌ People's Defense Force (PDF)ကိစ္စရပ်များနှင့် တိုက်ပွဲဖြစ်ပွားပါက ဒဏ်ရာရရှိသူများ ကုသပေးရေးကိစ္စရပ် များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လက်နက်ခဲယမ်းဝယ်ယူမှု၊ ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်မှုနှင့် စစ်သင်တန်းစေလွှတ်မှုတို့တွင် ညွှန်ကြားစေခိုင်းခဲ့သည့် သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ဇွန် - ၁၃

            အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ စေခိုင်းချက်အရ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅)နယ်မြေတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်ခဲ့ပြီး လက်နက်ခဲယမ်းဝယ်ယူရေး ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက် ပေးခဲ့သည့် ငြိမ်းချမ်း(ခ)ခိုင်ကိုမွန်နှင့် ရွှန်းစိမ့်စိမ့်တို့အား မရမ်းကုန်းမြို့နယ်တွင် ၁၃-၅-၂၀၂၁ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ 

            ငြိမ်းချမ်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ထွန်းအောင်ကျော်၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် ရွှန်းစိမ့်စိမ့်နှင့်အတူ ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅)နယ်မြေတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ရောက်ခဲ့ကြောင်း၊ ထို့အပြင် စစ်သင်တန်းတက်ရောက် လိုသူ ၈ ဦးကိုလည်း ဘီးလင်းမြို့နယ်ရှိ KNU တပ်မဟာ(၅) နယ်မြေသို့ ပို့ဆောင် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

 

နေပြည်တော်၊ ဇွန် ၁၃

            တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား ကျေးရွာ /ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံ ခဲ့ကြောင်း သိရသည်။