နေပြည်တော်၊ ဇူလိုင်- ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့ရှိ ကိုဗစ်-၁၉ ကုသရေး စင်တာ များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။















