မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အတွင်း ဂတ်စ်သေနတ်၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် ၃၁
အကြမ်းဖက်အဖွဲ့စည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်းအေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲတွင် အကြမ်းဖက်သင်တန်းများတက်ရောက် စေပြီး တရားမဝင်ငွေကြေးထောက်ပံ့မှုများရယူကာ အများပြည်သူသွားလာလှုပ်ရှားလျက် ရှိသည့် နေရာများအား မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်း အစရှိသည့် အကြမ်းဖက်တိုက်ခိုက်ခြင်းများကို လူသားခြင်းစာနာမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည် ။



















