ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးပြုလုပ်

Monday, August 30, 2021 - 07:30

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၃၀

          ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံ တော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

          အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှုန်းကျဆင်းလျက်ရှိသည့် အခြေအနေများ၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျခြင်းမရှိဘဲ ရောဂါပိုးအတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်မားလျက် ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင်နေထိုင်ရေး(Stay at home) ထားရှိ၍ ကူးစက် ဖြစ်ပွားမှုနှုန်းလျော့ကျစေရေး လုပ်ဆောင်လျက်ရှိပြီး ဖြစ်ပွားမှုနှုန်း လျော့ကျ လာသည့် မြို့နယ်များအား ပြန်လည်ဖြေလျော့မှု များဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြို့နယ်များ၊ ရပ်ကွက်များ အတွင်းထိ ရောဂါပိုးကူးစက်မှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊  နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ဝင်ရောက်လာသူများကို စနစ် တကျ စစ်ဆေးလက်ခံပေးလျက်ရှိသည့် အခြေအနေများနှင့် ဗီဇပြောင်း ရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်လျက်ရှိသည့် အခြေ အနေများ၊ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည့် အခြေအနေများ၊ ကာကွယ် ဆေးများ ဆက်လက်ရောက်ရှိလာမည့် အခြေအနေများနှင့် ထပ်မံမှာယူထားရှိမှု အခြေ အနေများ၊  ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သတင်း ရရှိသည်။