news

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
နေပြည်တော် ဇွန်လ    ၁၅     
    ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း နှင့်ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။ 

Press Statement

 

The Ministry of Foreign Affairs wishes to refer to the G-7 Summit Communiqué issued on 13 June 2021 where Myanmar’s domestic political developments were mentioned based on fabricated and biased information emanating from unverifiable sources.

 

သတင်းထုတ်ပြန်ချက်

 

          ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် G-7 ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် အတည်ပြု၍မရသော သတင်းအရင်းအမြစ်များမှ ထွက်ပေါ်လာသော ဘက်လိုက်မှုရှိသည့် သတင်းမှားများအပေါ်အခြေခံ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ကိစ္စရပ်အား ထည့်သွင်းဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သိရှိရသည်။

မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၅            

             မြို့နယ်အချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သူ ၁ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၁၅

             စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်သူ ၁ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန် - ၁၄
    ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာ ရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာ သဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ ၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်သည်။

အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ အား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၁၄

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၊ အဝေးပြေးမော်တော် ယာဉ်ရပ်နားစခန်းရှိ သိန်းသန်းကဋေ ကားဂိတ်၌ ဇွန်လ ၁၂ ရက် နံနက် ၉ နာရီခန့်တွင်  အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ အား ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာ၌ အစာအဆိပ်သင့်မှုဖြစ်ပွား၍ ကျောင်းသူ ၂ ဦးသေဆုံး

နေပြည်တော်၊ ဇွန် ၁၄

               ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျူချောင်းကျေးရွာ၌ အစာအဆိပ်သင့်မှုဖြစ်ပွား၍ ကျောင်းသူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ပရဝဏ်၌ “ကျော်မေတ္တာ ထွန်း” လမ်းသစ်ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၄

         ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦး စေတီတော်မှ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)သို့ ဖောက်လုပ်ဆက်သွယ် ထားသည့် “ကျော်မေတ္တာထွန်း” လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ  ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လားရှိုမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် လိုအပ်သော ဆေးဝါးများ ဝယ်ယူရန်အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၁၄

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော ဒေသခံတိုင်းရင်းသားများအတွက် လိုအပ်သော ဆေးဝါးများ ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အလှူငွေများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဆေးရုံရှိ အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။