ကျိုက်လတ်မြို့၌ တရုတ်နိုင်ငံမှ မှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ တပ်ဆင် ထုတ်လုပ်နိုင်မှုအခြေအနေများအား ကြည့်ရှု နေပြည်တော်၊ ဩဂုတ်- ၂၆

Thursday, August 26, 2021 - 17:00

ကျိုက်လတ်မြို့၌ တရုတ်နိုင်ငံမှ မှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ တပ်ဆင် ထုတ်လုပ်နိုင်မှုအခြေအနေများအား ကြည့်ရှု

နေပြည်တော်၊ ဩဂုတ်- ၂၆

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်နှင့် စေတနာရှင်အလှူရှင်များအနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ် ပေးလျက်ရှိသည်။

ထိုသို့ ထုတ်လုပ်ပေးလျက်ရှိရာ ဩဂုတ် ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊  ကျိုက်လတ်မြို့၌ တရုတ်နိုင်ငံမှ မှာယူထားသော အောက်ဆီဂျင်စက်ရောက်ရှိ တပ်ဆင်ထုတ်လုပ်နိုင်မှုအခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။