ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များအား အကြမ်းဖက်သူများက လက်လုပ်မိုင်း၊ တူမီးသေနတ်များ ပစ်ခတ် တိုက်ခိုက်
နေပြည်တော်၊ ဇွန် - ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မိဘပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက လက်လုပ်မိုင်းများ၊ တူမီးသေ နတ်များဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။




















