နေပြည်တော်၊ နိုဝင်ဘာ - ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများအား ယနေ့နံနက် ၁၀ နာရီခွဲတွင် Video Teleconference(VTC) မှတစ်ဆင့်တွေ့ဆုံ၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။







