ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက် လက်ခံလျက်ရှိ
နေပြည်တော် ဩဂုတ် ၄
ပြည်ပမှ ဝင်ရောက်လာသည့် မိမိတို့နိုင်ငံသားများကို စနစ်တကျလက်ခံ နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ၎င်းတို့နေရပ်အသီးသီးသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်ရှိနိုင်ရေး ပို့ဆောင်ပေးရမည်ဖြစ်ကြောင်းဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လမ်းညွှန်မှာကြားခဲ့သည်။



















