စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးသန်းမြင့်(ဘ)ဦးမောင်တဲ၏ နေအိမ်သို့ ယနေ့နံနက် ၁ နာရီ ၁၅ မိနစ် ခန့်တွင် အကြမ်းဖက်သူလူတစ်စုက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး နေအိမ် အတွင်းရှိသူများအား တစ်လုံးထိုးလုပ်သေနတ်၊ တူမီးသေနတ်များဖြင့် ပစ်ခတ် တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

































































