နေပြည်တော်၊ မတ်လ ၃ ရက်
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ဥတ္တံတားကြီးမီးပွိုင့်အနီး၌ ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား(၃၀၀)ကျော်ခန့်သည် ဆူပူ အော်ဟစ် ဆန္ဒဖော်ထုတ်နေသဖြင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက် တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ပြန်လည်အော်ဟစ်ရန်ပြုခဲ့ပါသည်။















