KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့သူအား လက်ပစ်ဗုံးများ၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇွန် - ၇
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသော CRPH အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်း များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အကြမ်းဖက်မှုဖြစ်စဉ်များကို ပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထံတွင် စစ်အခြေခံနှင့်ဖောက်ခွဲရေးသင်တန်းသို့ တက်ရောက်ခဲ့သည့် ထူးဝေလင်း (၂၃)နှစ်(ဘ) ဦးညီညီခင် အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်သင်္ချိုင်းအနီး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်။























