နေပြည်တော်၊ စက်တင်ဘာ - ၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၅၃ ဦး၊ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်၊ နမ့်ဖာဟော်တံတားမှ အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၅၅ ဦး၊ စုစုပေါင်း ၁၄၅ ဦးနှင့် ရန်လုံကျိုင်း တံတားမှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။





















