ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မျိုးချစ်ပန်းခြံရှိ Congress စင်တာတွင် ကျင်းပ ပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကိုလေး၊ ဗိုလ်ချုပ် ဇော်လွင်ဦးနှင့် တာဝန်ရှိသူများက နေပြည်တော် လေဆိပ်တွင် လာရောက်ကြိုဆိုကြသည်။











