သဲကုန်းမြို့၊ ဆင်တဲကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံဝင်းအတွင်း လက်လုပ်ရီမုမိုင်းစမ်းသပ်ပြု လုပ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိ
နေပြည်တော်၊ စက်တင်ဘာ ၇
သဲကုန်းမြို့နယ်၊ ဆင်တဲကုန်းကျေးရွာနေ အုန်းဟန်(၃၇)နှစ် ပိုင်ဆိုင်သည့် ကြက်မွေး မြူရေးခြံအတွင်း စက်တင် ဘာလ ၆ ရက် ည ၈ နာရီခွဲခန့်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ လက်လုပ်ရီမုမိုင်းစမ်းသပ်ပြုလုပ်စဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် သဲကုန်းမြို့နယ်၊ အုတ်ဆွဲကျေးရွာနေ ရန်ကျော်(၂၄) နှစ်မှာ နေရာတွင်ပင် သေဆုံးခဲ့ကာ ၎င်းနှင့်အတူ မိုင်းစမ်းသပ်ရာတွင်ပါဝင်သူ ကြက်မွေးမြူရေးခြံပိုင်ရှင် အုန်းဟန်(၃၇)နှစ်နှင့် လိပ်ပြာ သိန်းသောင်းကျေးရွာနေ ဇင်လင်းထက်(၂၄)နှစ်တို့မှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့ပြီး ပေါက်ကွဲသည့် ဝန်းကျင်တွင် လက်လုပ်မိုင်း ၅ လုံး၊ ဒီတိုနေတာ ၃၀ ခု၊ ယမ်းကြိုး(အမြန်) ၂၇ မီတာနှင့် ဖောက်ခွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။