နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား နေပြည်တော် စက်တင်ဘာ ၇

Tuesday, September 7, 2021 - 12:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၁)ကို  ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးအဖွဲ့ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊  ဦးတင်ထွဋ်ဦး၊  ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုအခြေအနေများ၊ မိမိတို့နိုင်ငံတွင် ဇူလိုင်လစ၍ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကူးစက်မှုများမြင့်တက်ခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအား တစ်စိုက်မက်မက်ဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုအခါ အတိုင်းအတာတစ်ခုအထိ ကူးစက်မှုနှုန်း များကျဆင်းလာမှုအခြေအနေများ၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအား စနစ်တကျဖြင့် ဆက်လက် ဆောင်ရွက်သွားရန်လိုအပ်မှုအခြေအနေများ၊ နိုင်ငံတစ်ခု၏အဓိကမောင်းနှင်အားများဖြစ် သည့် နိုင်ငံရေးရတည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးကောင်းမွန်မှုနှင့် ကာကွယ်ရေး ဆိုင်ရာတွင် တောင့်တင်းခိုင်မာမှုများရှိရန် လိုအပ်မှုအခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ စဉ်ဆက်မပြတ် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆေင်ရွက်ရန်လိုအပ်မှု နှင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင် စနစ်တကျဖြင့် စီမံခန့်ခွဲကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်မှုအခြေ အနေများအား အကျယ်တဝင့်ရှင်းလင်းမှာကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးအား ဆက်လက်ကျင်းပ ပြုလုပ်လျက်ရှိကြောင်းသတင်းရရှိသည်။