မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ အကြမ်းဖက်အုပ်စုများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်
နေပြည်တော်၊ မေ ၁၀
နိုင်ငံတော်အတွင်း မြို့နယ်အချို့၌ အုပ်ချုပ်ရေးယန္တရားနှင့် တရားဥပဒေစိုးမိုးမှု ထိခိုက်ပျက်ပြား စေရန်နှင့် ပြည်သူလူထုများကြားတွင် အကြောက်တရားများ လွှမ်းမိုးစေရန်ရည်ရွယ်ကာ အကြမ်းဖက် အုပ်စုများမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိသည်။




























