news

နေပြည်တော်၊ မတ် - ၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့်အထွေထွေရွေးကောက်ပွဲ တွင် မဲပေးပိုင်ခွင့်ရှိသူ (၃၉.၂)သန်းကျော်အနက် မဲစာရင်းမှားယွင်းနေမှု ပဏာမစိစစ် ချက်အရ ၁၀.၄ သန်းကျော် ဖြစ်ပွားခဲ့မှုအပေါ် နစ်နာသည့်ပါတီများ၊ ပါဝင်ယှဉ်ပြိုင် သည့်ကိုယ်စားလှယ်လောင်းများနှင့် တပ်မတော်တို့က UEC၊ လွှတ်တော်၊ အစိုးရတို့ထံ ဥပဒေနှင့်အညီ တောင်းဆိုခြင်းအပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အထိ ၂ ကြိမ်တိုင်တိုင် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်မှုမရှိဘဲ တတိယ အကြိမ် လွှတ်တော်အသစ်ခေါ်ယူ၍ အစိုးအသစ်ဖွဲ့စည်းရန် ကြိုးပမ်းလာခဲ့သည်။ သို့ဖြစ်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်မှစ၍  အာဏာသုံးရပ်အား ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ဆောင်ရွက်ခဲ့ပြီး ပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့သည်။

သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်လ ၅ ရက်

နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာတွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအပေါ် သစ္စာခံကာ အမှန်တရားကိုမျက်ကွယ်ပြုပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရေးကို မြေပေါ်/ မြေအောက် အဖွဲ့အစည်းပေါင်းစုံမှ ငွေကြေးအမြောက်အများကုန်ကျခံကာ နေရာအနှံ့အပြားတွင်(ကွန်ယက်) သဖွယ် လှုံ့ဆော်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။

နေပြည်တော်၊ မတ်လ ၅ ရက်

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ မြို့ပေါ် လုံခြုံရေးဆောင်ရွက်စဉ် သာစည်လမ်းပေါ်တွင် ဒဏ်ရာရရှိထွက်ပြေးလာသူအား တွေ့ရှိရသဖြင့် ခေါ်ယူမေးမြန်းခဲ့ရာ မုံရွာမြို့ ရတနာပုံရပ်ကွက် (၇)လမ်းတွင်နေထိုင်သူ ကိုဖြိုးသူ(ခ)နေလ၊ (ဘ)ဦးတင်သန်း ဖြစ်ကြောင်းသိရှိရပါသည်။

နေပြည်တော်၊ မတ်လ ၅ ရက်

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင် ဆူပူဆန္ဒပြသူလူအုပ်စုများကို ထိန်းသိမ်းဖြိုခွဲရေး၊ လမ်းကြောင်းပိတ်ဆို့မှုများရှင်းလင်းရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ  ၅ ရက်နေ့တွင် အခြေပြု၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ မတ်လ ၅ ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ (မြတောင်)ဘုန်းတော်ကြီးကျောင်းတဝိုက်တွင် ပိတ်ဆို့ထားသော အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လူစုလူဝေးပြုလုပ်မှုများအား တားဆီးထိန်းသိမ်းခြင်းများကိုဆောင်ရွက်ခဲ့ပါသည်။

နေပြည်တော်၊ မတ်လ ၅ ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာနေ NLD ပါတီထောက်ခံသူ ဦးထွေးနိုင်၊ (၅၃)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးမြတ်မောင် နှင့် သက်နောင်ဦး(စိစစ်ဆဲ) တို့ပါ ကျား(၈)ဦးသည်

အဂတိလိုက်စားမှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်မှုအခြေအနေအား   သတင်းထုတ်ပြန်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း သူရ ဦးအောင်ကို သည် ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ငွေကြေးနှင့်ပစ္စည်းများ လက်ခံရယူခဲ့သည့်အပေါ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်နေကြသည့် CRPH နှင့် CRPH ကဖွဲ့စည်းသည့် အဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ချက်

၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော်   ၇    ရက်

(၂၀၂၁ ခုနှစ်၊ မတ်လ    ၅   ရက်)

၁။           ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများနှင့် အမျိုးသားလွှတ်တော် ဆိုင်ရာနည်းဥပဒေများအရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မြောက်ခြင်း မရှိသေးသည့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့်မရှိသေးသူများက “ပြည်ထောင်စုလွှတ်တော်   ကိုယ်စားပြုကော်မတီ” (CRPH)အမည်ဖြင့် ကော်မတီဖွဲ့စည်းဆောင်ရွက်နေခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသည့်အပြင် ကြီးလေးသည့်ရာဇဝတ်မှုကို ကျူးလွန်ရာရောက်သဖြင့် ယင်းတရားမဝင် ကော်မတီတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန်နှင့် ထိုသို့ ဆောင်ရွက်ပါက ဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ပြီးဖြစ်ပါသည်။

ကျန်းမာရေးဝန်ထမ်းများသို့ အသိပေးကြေညာချက်

ဆေးတက္ကသိုလ်(၁)တွင် တာဝန်ထမ်းဆောင်ခဲ့၍ ဆေးကုသမှုမရှိသော ဆေးပညာရှင် ဦးဇော်ဝေစိုးသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်ရပ်တည်ပိုင်ခွင့် မရှိသေးသူများက နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကိုကျူးလွန်လျက် တရားမဝင်ဖွဲ့စည်းထားသည့် “ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ” (CRPH)တွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများအားလည်း ၎င်းနှင့်ပူးပေါင်းဆောင်ရွက်လာစေရန် နည်းမျိုးစုံဖြင့် စည်းရုံး ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်။

ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သတင်းထုတ်ပြန်ခြင်း

နေပြည်တော်၊ မတ်-၅

ဆေးတက္ကသိုလ် (၁) တွင် တာဝန်ထမ်းဆောင်ခဲ့၍ ဆေးကုသမှုမရှိသည့် ဆေးပညာရှင် ဦးဇော်ဝေစိုး သည် ၎င်း၏လူမှုကွန်ရက်၌ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများနှင့် လက်အောက် ဝန်ထမ်းများအား ရုံးမတက်ဘဲ သပိတ်မှောက်ရာတွင် ပါဝင်ဆန္ဒပြရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ လသာမြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။