သတင်းထုတ်ပြန်ချက်

Thursday, September 16, 2021 - 18:30

သတင်းထုတ်ပြန်ချက်

                   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသော ၅,၀၀၀ ကျပ်တန် နှင့် ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူနှစ်မျိုးစလုံးကို ရုပ်သိမ်းခြင်း၊ဖျက်သိမ်းခြင်းမရှိပါ။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ ပုဒ်မခွဲ (င) တွင် “ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု” ဟု ပြဋ္ဌာန်းဖော်ပြထားပါသည်။ သို့ပါ၍ ငွေစက္ကူများကို ရုပ်သိမ်းရန်၊ ဖျက်သိမ်းရန်မရှိပါကြောင်းနှင့် ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းအချက်အလက်များသည် ကောလဟာလများဖြစ်သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေထားသော ငွေစက္ကူများကို ယုံကြည်စွာသုံးစွဲနိုင်ပါကြောင်း ပြည်သူများအား အသိပေး အပ်ပါသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်