နေပြည်တော်၊ စက်တင်ဘာ - ၁၅
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေး အဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက် ဖွယ်ရာများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများ လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။