နေပြည်တော်၊ စက်တင်ဘာ - ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ရာ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့်တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူး က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြ ရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းမှူး က Fever Clinic အဖွဲ့အတွက် PPE ဝတ်စုံ ၂၀၀ စုံ၊ Test Kit ၂၀၀၀ ခု၊ လက်အိတ် ၂၀၀၀ စုံ၊ Sugical Gown ၂၀၀ ခု၊ လူမှုရေး အသင်း(၃)သင်းအတွက် PPE ဝတ်စုံ ၆၀၀ စုံ၊ မီးသတ်တပ်ဖွဲ့ ဝင်များအတွက် PPE ဝတ်စုံ ၁၀၀ စုံ၊ ကြက်ခြေနီအဖွဲ့အတွက် အောက်ဆီဂျင်အိုး ၆ လုံး၊ ကျိုင်းတုံ တက္ကသိုလ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် ဆေးဝါးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူ၍ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။