ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး အောက်စီဂျင်စက်ရုံတစ်လုံး တည်ဆောက်လျက်ရှိ
နေပြည်တော် ဇူလိုင် ၂၅
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ပိုးတွေ့ လူနာများအတွက်လည်း အောက်စီဂျင်လိုအပ်ချက်များကို ပြည့်မီအောင် တပ်မတော်က ထောက်ပံ့ လှူဒါန်းပေးလျက်ရှိရာ Liquid Oxygen တန် ၅၀ ဆံ့ TANK မှ Medical Oxygen ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးမည့် စက်ရုံတစ်ရုံကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ဇူလိုင် ၁၂ ရက်မှစတင်၍ ဆောက်လုပ်ရေးလုပ်သားအင်အား ၆၀ ဦးခန့်ဖြင့် နေ့ညအဆိုင်းခွဲပြီး ဇူလိုင်လကုန် အပြီးတည်ဆောက်နိုင်ရေး ရည်မှန်းချက်ထား တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။































