နေပြည်တော်၊ ဩဂုတ်- ၂၃
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းများကို နိုင်ငံအဝန်း၌ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရန် အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏဘူမိ (Event Park ) ရှိ မြန်မာနိုင်ငံတရုတတ်ကုန်သည်ကြီးများအသင်းချုပ် (MCCOC)၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် တိုင်းဒေသကြီး ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးစင်တာ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက် လျက်ရှိနေမှုများကို ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ စင်တာတွင် လူမျိုးဘာသာမရွေး မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် ထိုးနှံရန်အတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား ကာကွယ် ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။