နေပြည်တော်၊ ဩဂုတ်- ၂၃
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း Volunteerများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာနှင့် ငပြေမကျေးရွာတို့ရှိ ဒေသခံပြည်သူများအတွက် စားသောက် ဖွယ်ရာများ၊ အိမ်သုံးဆေးဝါးများနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ စိန်ကုန်းကျေးရွာရှိ ပြည်သူ အိမ်ထောင်စု ၈၄ စုတို့အတွက် ဆန်နှင့် Mask များကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော် သားများက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။