Tuesday, August 24, 2021 - 17:30
နေပြည်တော်၊ ဩဂုတ် - ၂၄
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နေပြည်တော်ကောင်စီ ဉက္ကဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဉက္ကဌက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တိုင်းမှူးက ဖြည့်စွက်ရှင်းလင်းပြောကြားရာ နေပြည်တော်ကောင်စီဉက္ကဌက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။