ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

Tuesday, August 24, 2021 - 17:30

 

နေပြည်တော်၊ ဩဂုတ်- ၂၄

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊ မယ်ယန်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာ၌ ဖွင့်လှစ်ထားသော Quarntine Center ရှိ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Volunteerများနှင့် တာချီလိတ်မြို့၊ ပါလျံရပ်ကွက်၊ ခရစ်တော်၏သက်သေခံလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာရှိ ကလေးသူငယ်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အာဟာရဖြည့်စားသောက် ဖွယ်ရာများကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ ဒေသခံပြည်သူ အိမ်ထောင် စု ၂၅ စုတို့အတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများအားလည်း ကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့နယ်ပြည်သူ့ဆေးရုံရှိ လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ရမည်းသင်းမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနသို့ PPE ဝတ်စုံများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တာဝန် ရှိသူများနှင့် စေတနာရှင်အလူရှင်များက သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။