ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်လှစ်

Friday, August 13, 2021 - 16:30

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ် - ၁၃

          ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေကောင်စီဉက္ကဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိသဘောဆန္ဒ အလျောက်ပါဝင်ကူညီဆောင်ရွက်ကြမည့် လူငယ်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

          ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေကောင်စီဉက္ကဌက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိ သဘောဆန္ဒအလျောက် ပါဝင်ကူညီဆောင်ရွက်ကြမည့် လူငယ်များအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်တတ်စေရန်၊ ပိုးသတ်ဆေးစနစ်တကျဖျန်းတတ်စေရန်၊ ကိုဗစ်-၁၉ လူနာများအား ပြုစုတတ်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်တတ်စေရန် စသည့်အချက်များအား သင်ကြားပြသပေးခဲ့ကြောင်း သတင်းရရှိသည်။