တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

Friday, August 13, 2021 - 16:30

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း 

နေပြည်တော်၊ ဩဂုတ်- ၁၃

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်- ၁၀၀၀) သို့ အောက်ဆီဂျင် ၃၀ လုံးအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပြည်သူ့ဆေးရုံသို့  Oxygen Concentrator ၄ လုံး၊ အောက်ဆီဂျင်အိုး ၂ လုံးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဗုဒ္ဓ သာသနာ့သံဃာဆေးရုံသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂ လုံး နှင့် Oxygen Concentrator10l ၁ လုံးတို့အားလည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ ၄၀ လီတာဆံ့ အောက်ဆီ ဂျင်အိုး ၂၆ လုံးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ Oxygen Concentrator ၅၀ လုံးနှင့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀၀ လုံးတို့အားလည်းကောင်း၊  စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀၅ လုံး အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၌ Oxygen Plant စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေကျပ် သိန်း ၅၀၀ အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံနှင့် ဖြူးမြို့ပြည်သူ့ ဆေးရုံများသို့ Oxygen Concentrator5L ၄ လုံး၊ PPE ဝတ်စုံ ၈၀ စုံနှင့် Hand Gel ၁၂ ဘူးတို့အားလည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ဘက်စုံစိုက်ပျိုး၊ မွေးမြူ ရေးခြံ၌ တပ်ဆင်ထုတ်လုပ်လျက်ရှိသည့် Oxygen Plant စက်ရုံ ၂ ရုံနှင့် လားရှိုးမြို့ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)၌ တပ်ဆင်ထုတ်လုပ်လျက်ရှိ သည့် Oxygen Plant စက်ရုံများမှ  အောက်ဆီးဂျင်ထုတ်လုပ်နေမှုများအား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ တပ်မတော်ဆေးရုံ(ခုတင်- ၇၀၀)အတွင်းရှိ Oxygen Plant စက်ရုံမှ  အောက်ဆီးဂျင်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှု များအား လည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့ခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အောက်ဆီဂျင် စက်ရုံမှ အောက်ဆီးဂျင်ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုများအားလည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့ပြည်သူ့ဆေးရုံ၊ စက်မှုဇုန်ဝန်းအတွင်းရှိ နိုင်တံခွန် ကုမ္ပဏီ Primus အောက်ဆီဂျင်စက်ရုံနှင့် သီတဂူစက္ခုဒါနဆေးရုံများအတွင်းတို့၌ အောက်ဆီ ဂျင်စက် စတင် တပ်ဆင်လည်ပတ်နိုင်မှု အခြေအနေများအားလည်းကောင်း၊ မကွေး တိုင်းဒေကြီး၊ မကွေးမြို့၊ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နားစခန်းနှင့် ချောက်မြို့၊ အမှတ်(၁၅)ရပ်ကွက်တို့၌ အောက်စီဂျင်စက်ရုံ တည်ဆောက်နေမှုတို့အား လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေများအားလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးပြီး အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။