၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်
နေပြည်တော်၊ ဇွန် - ၃
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ စာရေး ကိရိယာနှင့် COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။



























