နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာပစ္စည်းများ အဆက်မပြတ်ဝင်ရောက်လျက်ရှိ
နေပြည်တော် ဇူလိုင် ၁၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ တင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ဖြေလျော့မှုများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။






















