news

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၇

ဗန်းမော်မြို့သစ်ရှိ၊ အမျိုးသမီးကြီးတစ်ဦး သေဆုံးမှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တပ်မတော်သား သုံးဦးအား စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်
နေပြည်တော် ၊ ဇူလိုင် - ၁၆
    ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သစ်၊ နွယ်လန်းကျေးရွာ၊ နွယ်လန်းတပ်နယ်၏ အနောက်မြောက်ဘက် မီတာ ၂၀၀၀ အကွာ လယ်ကွင်းအနီး၌ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

တပ်မတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၁၆

စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် အောက်ဆီဂျင်အိုးများအား ဧရာဝတီ တိုင်းဒေသကြီးသို့ တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

နေပြည်တော်၊ ဇူလိုင် - ၁၆

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန် ပြည်တွင်းထုတ်လုပ်မှုတိုးမြှင့်ခြင်းသာမက ပြည်ပမှအောက်ဆီဂျင်များကိုပါ အင်တိုက် အားတိုက် ထုတ်လုပ်ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဇူလိုင် - ၁၆

ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီး၌ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၁၆
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် “ကန့်သတ်စောင့်ကြည့်ရမည့်သူများကို နေရာဒေသအလိုက် ထားရှိနိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ တပ်ရင်း/တပ်ဖွဲ့ အသီးသီး၌ ပြင်ဆင်ဆောင်ရွက် ထားရှိရမည် ဖြစ်ကြောင်း” လမ်းညွှန်မှာကြားချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ များနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင် လျက်ရှိသည်။ ထို့ပြင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာမြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 

ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်ပွဲ ပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၁၆

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များ၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၆

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း မြို့နယ်အသီးသီးရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်း များနှင့် အတူ Mask  ၄၂၀၀ ခုကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

မန္တလေးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း(Volunteer)များနှင့် ပရဟိတအဖွဲ့ဝင်များ အား တွေ့ဆုံထောက်ပံ့
နေပြည်တော်၊ ဇူလိုင် - ၁၆

နေပြည်တော်ကောင်စီနယ်မြေနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
နေပြည်တော်၊ ဇူလိုင် - ၁၆