ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး အတွက် နေအိမ်အသစ်ဆောက်လုပ်ခြင်းနှင့် နေအိမ်များပြန် လည်ပြုပြင်ရန် ထောက်ပံ့ ငွေများပေးအပ်လှူဒါန်း

Wednesday, October 13, 2021 - 15:00

 

နေပြည်တော်၊ အောက်တိုဘာ - ၁၃

          ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူ များ နေရပ်ပြန်နိုင်ရေးအတွက် နေအိမ်အသစ်ဆောက်လုပ်ခြင်းနှင့် နေအိမ်များပြန် လည်ပြုပြင်ရန် ထောက်ပံ့ငွေများပေးအပ်ခြင်းကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်း တွင် ပလက်ဝမြို့၊ မြို့မရပ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သဇင် ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုက်ပွဲရှောင် ပြည်သူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး ပလက်ဝမြို့ နယ်အတွင်းရှိ အောက်သဲမဝ၊ ဘောင်ဝ၊ စိမ့်စမ်းဝ၊ ငဗွီ၊ အန်ခခိုဝ၊ ဆီဖလောင်၊ တမန်းသားနှင့် ပလက်ချောင်းဝ ကျေးရွာတို့မှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၁၅၂ စု၊ လူဦးရေ ၇၁၄ ဦးတို့အတွက် အိမ်အသစ် ၄၆ လုံး ဆောက်လုပ်ရန်နှင့် နေအိမ် ၁၀၃ လုံးကို ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများကို ကျေးရွာအလိုက် အိမ်ထောင်စု ဝင်များထံ အသီးသီးပေးအပ်လှူဒါန်းသည်။

          တပ်မတော်အနေဖြင့် တိုက်ပွဲရှောင်ပြည်သူများ နေထိုင်ရာနေရာများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများ အပြင်နေအိမ်ဆောက်လုပ် ပြုပြင်ရန်လိုအပ်မှုများနှင့် လုပ်ကိုင်စားသောက်ရန် လိုအပ်ချက်များအား ဖြည့်ဆည်း ဆောက်ရွက်ပေးလျက်ရှိပြီးအခြား လိုအပ်သည်များကူညီပံ့ပိုးပေးနိုင်ရန် ကြိုတင်စုဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။