နေပြည်တော်၊ ဇူလိုင်- ၁၈
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး ကုသရေးလုပ်ငန်း သည် အများနှင့်ဆိုင်သည့် ကိစ္စရပ်ဖြစ်သဖြင့် ကျန်းမာရေးဝန်ထမ်းများသာမက ပြင်ပမှ ကျွမ်းကျင်သူများ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးဝန်ထမ်းများသည် အနီးကပ်ဆုံး၊ လက်တွေ့အကျဆုံးတာဝန်ယူ ဆောင် ရွက်နေကြရသူများဖြစ်သဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ၊ အားပေးမှုများနှင့် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။






















